Popular Posts

Tuesday, September 17, 2013

ဘာစီလိုနာ လူငယ် ခံစစ်မှုး ကို ခေါ်ယူရန် ရည်ရွယ်နေသည့် ယူနိုက်တက်

ဘာစီလိုနာ လူငယ် ခံစစ်မှုး ကို ခေါ်ယူရန် ရည်ရွယ်နေသည့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် စပိန် ကလပ် ဘာစီလိုနာ အသင်း၏ လူငယ် ခံစစ် ကစားသမား မာတင် မွန်တိုယာ အား ခေါ်ယူရန် စိတ်ဝင်စား စောင့်ကြည့်နေကြောင်း သိရသည်။ ဘာကာ လူငယ် ကစားသမားလေး သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက အသင်း ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သူ ဖြစ်ပြီး လီဗာပူးလ်၊အာဆင်နယ် အစရှိသည့် အသင်းများမှ ခေါ်ယူရန် ကြိုးပမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ မွန်တိုယာ နှင့် ဘာစီလိုနာ အသင်းတို့၏ စာချုပ် သက်တမ်းမှာ လာမည့် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ပြီး မွန်တိုယာ အနေဖြင့် အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း မရှိပါက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့၌ ပြည်ပ ကလပ်အသင်း တစ်သင်း ဖြင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုပိုင်ခွင့် ရှိမည် ဖြစ်သည်။ စပိန် သတင်းဝက်ဆိုဒ် ဖြစ်သည့် Calcimercato.com မှ ဖော်ပြချက် အရ ယူနိုက်တက် အသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့၌ အဆိုပါ လူငယ် ခံစစ်မှုးလေးအား သဘောတူညီမှု ရရှိရန် ကြိုးပမ်းဖွယ် ရှိနေကြောင်း သိရသည်။

 

http://www.manutdmm.com မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment