Popular Posts

Wednesday, May 29, 2013

အားကစားသတင်းများ>>>> ဒီနေ့ည ဘောလုံးပွဲများကို အွန်လိုင်းပေါ်ကနေတိုက်ရိုက်ကြည့်ရှု့ခံစားကြရအောင်ဗျာ....

အားကစားသတင်းများ>>>>
ဒီနေ့ည ဘောလုံးပွဲများကို အွန်လိုင်းပေါ်ကနေတိုက်ရိုက်ကြည့်ရှု့ခံစားကြရအောင်ဗျာ....

♣♣♣ ပရီးမီးယားလိဒ် ပွဲစဉ်များ ♣♣♣

ဖူလ်ဟမ် vs အက်စတန်ဗီလာ (ည ၈း၃၀)
http://www.livetvstreamin.com/channel11

လီဗာပူးလ် vs ရက်ဒင်း (ည ၈း၃၀)
http://www.livetvstreamin.com/channel7

မန်ချက်စတာယူနိုက်တက် vs စတုတ်စီးတီး (ည ၈း၃၀)
http://www.livetvstreamin.com/channel6

ဝက်စ်ဘရွန်း vs မန်ချက်စတာစီးတီး (ည ၈း၃၀)
http://www.livetvstreamin.com/channel8

ဝက်စ်ဟမ်း vs ဆောက်သမ်တန် (ည ၈း၃၀)
http://www.livetvstreamin.com/channel13

နောဝစ်ခ်ျ vs အာဆင်နယ် (ည ၁၁း၀၀)
http://www.livetvstreamin.com/channel1

♣♣♣ စီးရီးအေပွဲစဉ်များ ♣♣♣

ဂျူဗင်တပ် vs နာပိုလီ (ည ၁၀း၃၀)
http://www.livetvstreamin.com/channel5

လာဇီယို vs အေစီမီလန် (နံနက် ၁း၁၅)
http://www.livetvstreamin.com/channel5

♣♣♣ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်များ ♣♣♣

ဒက်စ်ဆဲလ်ဒေါ့ vs ဘိုင်ယန်မြူးနစ် (ည ၈း၀၀)
http://www.livetvstreamin.com/channel4

ဒေါ့မွန် vs ရှော့ကဲလ် (ည ၈း၀၀)
http://www.livetvstreamin.com/channel5

ဝုဖ်ဘတ် vs ဖရိုင်းဘတ် (ည ၈း၀၀)
http://www.livetvstreamin.com/channel9

ဖရန့်ဖတ် vs ဟန်နိုဗာ (ည ၈း၀၀)
http://www.livetvstreamin.com/channel10

ဝါဒါဘရီမင် vs မိုချန်ဂလက်ဘတ် (ည ၁၁း၀၀)
http://www.livetvstreamin.com/channel9

♣♣♣ စပိန်ပွဲစဉ်များ ♣♣♣

ဗလင်စီယာ vs ဘီဘာအို (ည ၁၂း၃၀)
http://www.livetvstreamin.com/channel4

ဒီပို့တီဗို vs ဘာစီလိုနာ (နံနက် ၂း၃၀)
http://www.livetvstreamin.com/channel2

အားလုံးရွှင်လန်းနိုင်ကြပါစေဗျာ....ကောင်းသောညလေးဖြစ်ပါစေ...

Ref: livetvstreamin.com မှ တိုက်ရိုက်ကူးယူဖော်ပြသည်
Posted: AAT (Admin Team of NOM)

မှတ်ချက်။ ။ ယခုဘောလုံးပွဲစဉ်များကို စိတ်တိုင်းကျ share နိုင်ပါသည်....Ref: Credit: ပေးစရာမလိုပါ...ကျွန်တော်တို့ ပရိတ်သတ်ကြီးအတွက် စိတ်ကျေနပ်မှုတစ်ခုခုပေးစွမ်းနိုင်လျင်ပင်ကျေနပ်နေသည် ဖြစ်ပါသည်....
 
www.myeikfootball.blogspot.com

ချယ်လ်ဆီး၊ လီဗာပူးပွဲစဉ်များသို့ မြန်မာမှ ပရိသတ်များသွားရောက်အားပေးမည်

ချယ်လ်ဆီး၊ လီဗာပူးပွဲစဉ်များသို့ မြန်မာမှ ပရိသတ်များသွားရောက်အားပေးမည်

Photo
ရန်ကုန်၊ မေ-၂၀
လာမည့်ဇူလိုင်လအတွင်း အာဆီယံနိုင်ငံများသို့ခြေစမ်းပွဲများလာရောက်ကစားမည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ချယ်လ်ဆီးနှင့်လီဗာပူးအသင်းပွဲစဉ်များသို့ မြန်မာပရိသတ်များ သွားရောက်ကြည့်ရှု
အားပေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အဆိုပါဘောလုံးကလပ်နှစ်သင်းမှ တရားဝင်အသိအမှတ်ပြုထားသည့်(Official Supporters Fans Club)များရှိနေပြီဖြစ်သည်။ဖန်ကလပ်အသင်းဝင်များသည်
ထိုင်းနိုင်ငံတွင် ထိုင်းလက်ရွေးစင်အသင်းနှင့်လာရောက်ခြေစမ်းမည့် အင်္ဂလိပ်ပရီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ပွဲစဉ်များအား သွားရောက်ကြည့်ရှုကြရန်  စီစဉ်နေကြကြောင်း အဆိုပါ အဖွဲ့များမှ သိရှိရသည်။
“တရားဝင်အသိအမှတ်ပြု(Fan Club)အဖွဲ့ဝင်ဖြစ်လာတဲ့အတွက် ရရှိတဲ့ခံစားခွင့်တချို့ကတော့ လက်မှတ်တွေကို အားလုံးမရောင်းချခင်မှာ အစ်ကိုတို့လိုအဖွဲ့ဝင်တွေကို ကြိုတင်အကြောင်းကြား
တယ်။ လက်မှတ်ရောင်းတယ်ပေါ့။ ပွဲကြည့်စင်နေရာအနေအထားကိုလည်း ကြိုတင်ရွေးချယ်ထားခွင့် စတဲ့အခွင့်အရေးတွေရရှိပါတယ်။ ဘန်ကောက်မှာကစားမယ့် လီဗာပူးပွဲစဉ်ကိုတော့ မြန်မာ နိုင်ငံက လီဗာပူးပရိသတ်အဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုမှာဖြစ်ပြီး အင်ဒိုနီးရှားမှာကစားမယ့်ပွဲစဉ်ကိုတော့ စင်ကာပူရောက်မြန်မာနိုင်ငံက လီဗာပူးပရိသတ်အဖွဲ့ဝင်တွေသွားရောက်ကြည့်ရှုဖို့စီစဉ်
နေပါတယ်”ဟု (Myanmar Reds)ဟုအမည်ပေးထားသည့် လီဗာပူးအသင်း၏ တရားဝင်အသိအမှတ်ပြုဖန်ကလပ်အဖွဲ့ ဥက္ကဋ္ဌကိုမြတ်လွင်ကပြောသည်။
လီဗာပူးအသင်းသည် လာမည့်ဇူလိုင်၂၀ရက်တွင် အင်ဒိုနီးရှားနိုင်ငံနှင့်ဇူလိုင်၂၈ရက်တွင် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများလာရောက်ကစားမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းသည်လည်း ဇူလိုင်လအတွင်း၌ အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများတွင် ခြေစမ်းပွဲများလာရောက်ကစားမည်ဖြစ်သည်။
“ဘန်ကောက်မှာကစားမယ့် ချယ်လ်ဆီးအသင်းပွဲစဉ်ကို မြန်မာနိုင်ငံက ချယ်လ်ဆီးပရိသတ်တွေသွားရောက်ကြည့်ရှုဖို့ စီစဉ်နေပါတယ်။ တရားဝင်အသိအမှတ်ပြုဖန်ကလပ်ဝင်ဖြစ်တဲ့အတွက်စင်ကာ
ပူမှာရှိတဲ့ ချယ်လ်ဆီးအာရှရုံးခွဲကနေ လက်မှတ်၁၀စောင်ကမ်းလှမ်းထားတာလည်း ရှိပါတယ်” ဟု ချယ်လ်ဆီးအသင်း၏တရားဝင်အသိအမှတ်ပြုဖန်ကလပ်အဖွဲ့အတွင်းရေးမှူးကိုမျိုးဇော်ဦး က ပြော
သည်။ တရားဝင်အသိအမှတ်ပြုထားသည့် ဖန်ကလပ်ဝင်များဖြစ်သည့်အတွက် အသင်းတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံစကားပြောခွင့်စသည့် အခွင့်အရေးများလည်းရရှိမည်ဖြစ်ကြောင်း ကိုမြတ်
လွင်ကပြောသည်။
မြန်မာနိုင်ငံမှချယ်လ်ဆီးပရိသတ်များအဖွဲ့အား လန်ဒန်မြို့ခံ ချယ်လ်ဆီးဘောလုံးကလပ်အသင်းက ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်းက တရားဝင်အသိအမှတ်ပြုလက်ခံခဲ့ပြီး လီဗာပူးအသင်း
အနေဖြင့် ယခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်က မြန်မာနိုင်ငံမှလီဗာပူးပရိသတ်များအဖွဲ့အား တရားဝင်အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ဆီးဂိမ်းရည်ရွယ်၍ အား/ကာသိပ္ပံ (ရန်ကုန်)တွင် အားကစားသမားများ ကြိုတင်စခန်းသွင်းမည်

၂၀၁၅ ဆီးဂိမ်းရည်ရွယ်၍ အား/ကာသိပ္ပံ (ရန်ကုန်)တွင် အားကစားသမားများ ကြိုတင်စခန်းသွင်းမည်

Photo
ရန်ကုန်၊ မေ-၁၈
ပြီးခဲ့သည့် ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲမှ (ဘီ)အဆင့် သတ်မှတ်ခြင်းခံရသည့် အားကစားလူငယ်များအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ ဆက်လက်စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့ ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲမှာ(ဘီ)အဆင့်သတ်မှတ်ခံရတဲ့ မျိုးဆက်သစ်လူငယ်အားကစားသမားတွေကို အား/ကာသိပ္ပံ(ရန်ကုန်)မှာ လာမယ့်ဇွန်လဆန်းကစပြီး စခန်းသွင်း
လေ့ကျင့်ပေးသွားဖို့ စီစဉ်နေပါတယ်။ အားကစားသမားတွေ စခန်းသွင်းနေထိုင်ဖို့အတွက်လည်း အဆောက်အအုံတွေ ပြင်ဆင်ဆောက်လုပ်နေပါတယ်။ ၂၀၁၅ စင်ကာပူဆီးဂိမ်းအတွက်အဓိကရည်
ရွယ်ပါတယ်” ဟု အား/ကာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးကျော်ဆန်းဦးက ပြောကြားသည်။
မတ်လအတွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ၀န်ကြီးဌာနအသင်းများနှင့် အား/ကာသိပ္ပံများမှ အား ကစားသမားများအပါအ၀င် နိုင်ငံတစ်ဝန်းလုံးမှ အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ကာ အားကစားသမားများ၏ အရည်အချင်းအား အဆင့် (၃)ဆင့်ခွဲခြားသတ်မှတ်ခဲ့သည်။
အား/ကာသိပ္ပံ(ရန်ကုန်)တွင် စခန်းသွင်းလေ့ကျင့်ရန် အားကစားသမားစုစုပေါင်း၂၀၀ ၀န်းကျင်ရှိမည်ဖြစ်ကာ ပြည်တွင်းနည်းပြများအပြင် ထိုင်းနိုင်ငံမှနည်းပြဆရာများဖြင့် လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
  
“လောလောဆယ်တော့ အားကစားနည်းရှစ်မျိုးဝန်းကျင်လောက်ရှိပါတယ်။ ပြေးခုန်ပစ်အားကစားသမားတွေအများဆုံး ပါဝင်ပါတယ်။ ရွှေအားကစားစခန်း(ဘီ)လို့ အမှတ်ပေးထားပါတယ်”ဟု ၎င်းက ပြောသည်။
  
ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲမှ(အေ) အဆင့်သတ်မှတ်ခြင်းခံရသည့် အားကစားသမားများသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲဆင်နွှဲရန်အတွက် နေပြည်တော်ရွှေအားကစားစခန်းတွင် စခန်း
သွင်းလေ့ကျင့်ပေးလျက်ရှိသည်။ (ဘီ)အဆင့်အားကစားသမားများအား အား/ကာသိပ္ပံ (ရန်ကုန်)၌ ဆက်လက်စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကာ (စီ)အဆင့်သတ်မှတ်ခံရသည့် အားကစား သမားများကိုမူ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
7daynewsjournal.com

UBC 777 ကိုစလောင်း(၃)ချပ်ဖြင့်ဖမ်းယူပြီး ဘောလုံးပွဲများ မလွတ်တမ်းကြည့်ရှုနည်း

UBC 777, 666 အသုံးပြုများအခက်အခဲ တစ်ခုကြုံတွေ့ရပါလိမ့်မယ်။ အဲဒါကတော့ စနေနေ့ ဆိုရင် EPL ပွဲတွေကို
ပွဲရှိပွဲကုန် ကြည့်ရမှာပါ။ တနင်္ဂနွေ ဆိုရင်တော့ EPL တစ်ပွဲမှမလာပါခင်ဗျာ။ K+1 နဲ့K+NS ကလွှင်နေတာဗျ။
K+1 ဟာ UBC မှာမပွင့်ပါဘူး။ တနင်္ဂနွေ ပွဲတွေကိုကြည့်လို့ရအောင်နည်းလမ်းတစ်ရှိပါတယ်။
အဲဒါကတော့ စလောင်းတစ်ခု ထပ်တိုးပြီးတပ်ဆင်ရမှာပါ။
ချိန်ရွယ်ရမဲ့ ဂြိုလ်တုက Apstar 6 134'E ပါ။ ဗီယက်နမ်က 132'E ဆိုတော့ကပ်လျှက်ပါ။
Thaicom 5 (78.5')မှာတစ်ခု။Vinasat 132'Eမှာတစ်ခု၊Apstar 134'Eမှာတစ်ခု..(၃)ခုဖြစ်သွားပါပြီ။
Apstar မှာ ESPN = 12435 H 27500
STAR SPORT= 12595 H 27500 တို့ဖြစ်ပါတယ်။

Signal တော့နည်းတယ်ဗျ။စိတ်ရှည်လက်ရှည်ဖမ်းပါ။ ၄ ပေဗန်းဖြင့်ဖမ်းမှအဆင်ပြေပါမည်။
DVB S2ပါ။INNOVIA စက်ဖြင့် အရင်ဖမ်းပါ။ပြီးမှ UBC စက်ကိုတပ်လိုက်ပါ။
ESPN,STAR SPORT ရပြီဆိုရင်တော့ စနေ၊တနင်္ဂနွေ ကြိုက်သလောက်ကြည့်ပါလေ....

Tuesday, May 21, 2013

FAဖလား ဗိုလ်လုပွဲ ဂယက်နဲ့ အတူ စိတ်ဝင်စားစရာတွေ ရှိလာတဲ့ ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်များ | Myanmar Football News Portal - SoccerMyanmar.com

FAဖလား ဗိုလ်လုပွဲ ဂယက်နဲ့ အတူ စိတ်ဝင်စားစရာတွေ ရှိလာတဲ့ ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်များ | Myanmar Football News Portal - SoccerMyanmar.com

ချယ်လ်ဆီးနဲ့ ဘင်နီတက်ဇ်တို့ရဲ နောက်ဆုံးမျော်လင့်ချက်တိုက်ပွဲ

ရာဖာဘင်နီတက်ဇ် လက်အောက်မှာ အစောပိုင်း ရလဒ်တွေ ယိမ်းယိုင်ခဲ့တယ် ဆိုပေမယ့် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာတဲ့ အခြေအနေတွေနဲ့ အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ချယ်လ်ဆီးအသင်း တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပေါ်တူဂီထိပ်သီး ဘင်ဖီကာဆိုတာ ဥရောပအဆင့်မှ ဘယ်တော့မှ လျှော့တွက်လို့ မရတဲ့ အသင်းကောင်း တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီး ဒီရာသီ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲထိ တက်လာပြန်တယ်ဆိုတဲ့ ချယ်လ်ဆီးရဲ့ အနေအထားကတော့ နည်းနည်း ထူးဆန်းသလို ဖြစ်နေတာ အမှန်ပါပဲ။ ချန်ပီယံလိဂ် အုပ်စုအဆင့်က စောစောစီးစီး ပြုတ်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ အမှားအယွင်းမရှိ ဖြတ်သန်းရင်း ဆုဖလားကြီးနဲ့ လက်တစ်ကမ်း အကွာထိ ရောက်လာအောင် ချယ်လ်ဆီးတို့ အားထုတ်နိုင်ခဲ့ပါတယ်။

အသင်းနှစ်သင်း ယှဉ်လာရင် လူအင်အား အရတော့ ချယ်လ်ဆီးက သာလွန်တယ်လို့ ယေဘုယျ ကောက်ချက် ချနိုင်ပါတယ်။ ဒါပေမဲ့ အီဒင်ဟာဇက် မပါနိုင်ဖို့ များနေတယ်ဆိုတဲ့ သတင်းတွေကတော့ ချယ်လ်ဆီး ပရိသတ်တွေအတွက် စိုးရိမ်စရာပါပဲ။ ချယ်လ်ဆီး အနေနဲ့ တိုက်စစ်မှာ သေချာပေါက် ဖာနန်ဒို တောရက်စ်ကိုပဲ ပွဲထုတ်မှာ ဖြစ်ပြီး ဟွမ်မာတာ၊ ရာမီရက်စ်၊ အော်စကာတို့ကို အားပြုလာဖွယ် ရှိပါတယ်။ အထူးသဖြင့် တောင်အမေရိက ကစားသမားတွေ ပေါများပြီး ဘောလုံးကို ပိုင်ဆိုင်မှု အားပြု ကစားတတ်တဲ့ ဘင်ဖီကာလို အသင်းမျိုးကို ရင်ဆိုင်တဲ့ အခါမှာ ချယ်လ်ဆီးရဲ့ ဘရာဇီးလ်သားတွေ စုံစုံညီညီ ပါဝင်လာနိုင်ပါတယ်။

ချယ်လ်ဆီး အနေနဲ့ တောင်ပံတွေကို အားပြုပြီး ထိုးဖောက်ဖို့ များပြီး ဘင်ဖီကာမှာ ထိပ်တန်း တောင်ပံ ခံစစ်သမားတွေ ရှိမနေတဲ့ အချက်ကို အကျိုးရှိရှိ အခွင့်အရေး ယူနိုင်မလား စောင့်ကြည့်ရပါမယ်။ ဘင်ဖီကာ ခံစစ်က အက်ဇ်ကွီရယ်လ်ဂါရေး၊ လူဝီဇာအိုတို့နဲ့ တောင့်တင်းသလို ဂိုးသမား အာတာကလည်း အားကိုးလောက်သူ တစ်ယောက်ပါ။ တိုက်စစ်မှာတော့ အော်စကာ ကာဒိုဇို၊ ပက်ဘလိုအေမာ၊ နီကိုလက်စ်ဂိုင်တန်တို့ အားလုံးဟာ တစ်ဦးချင်း အရည်အသွေး ပြည့်ဝသူတွေချည်းပါပဲ။

ချယ်လ်ဆီးဟာ စုဖွဲ့မှု သာလွန်တယ် ဆိုရင်တောင် ဒီလိုပွဲမျိုးမှာ ချန်ပီယံဖြစ်ခွင့်ဟာ ပိုကောင်းတဲ့ အသင်းအတွက် မဟုတ်ဘဲ ပိုအမှားနည်းတဲ့ အသင်းအတွက် ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ တစ်ခါတစ်လေ ကြောင်တတ်တဲ့ ချယ်လ်ဆီးရဲ့ ခံစစ်ဟာ ဘင်ဖီကာရဲ့ တန်ပြန်တိုက်စစ် တစ်ကြိမ်တစ်ခါလောက်မှာ ကျဆုံးမသွားအောင် အသင့်အနေအထား နိုးကြားနေရပါမယ်။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီး မန်နေဂျာ ဘင်နီတက်ဇ်ဟာ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ခံယူရတဲ့ အနေအထားတွေမှာ ကျွမ်းကျင်ပိုင်နိုင်လွန်းတယ် ဆိုတာကတော့ အားသာချက် တစ်ခုပါပဲ။ အမှားတွေသာ မရှိခဲ့ဘူး ဆိုရင်တော့ ဘင်နီတက်ဇ်ရဲ့ CVထဲမှာ နောက်ထပ် ဥရောပအဆင့် ဆုဖလားတစ်လုံး တိုးမယ့်ပွဲလို့ပဲ မျှော်လင့်မိပါတယ်။

Thursday, May 9, 2013

မြန်မာတိုင်း ဂျာနယ်၏ ခန့်မှန်းပြိုင်ပွဲ အစီအစဉ်အား ဘောလုံး အဖွဲ့ချုပ် ကန့်ကွက် | Myanmar Football News Portal - SoccerMyanmar.com

မြန်မာတိုင်း ဂျာနယ်၏ ခန့်မှန်းပြိုင်ပွဲ အစီအစဉ်အား ဘောလုံး အဖွဲ့ချုပ် ကန့်ကွက် | Myanmar Football News Portal - SoccerMyanmar.com

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် လမ်းပတ်နှင့် တယ်ရီ ပွဲထွက်ရန် မသေချာ | Myanmar Football News Portal - SoccerMyanmar.com

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် လမ်းပတ်နှင့် တယ်ရီ ပွဲထွက်ရန် မသေချာ | Myanmar Football News Portal - SoccerMyanmar.com

ဆက်ဂ်ညာ နေရာ အစားထိုးရန် ပစ်ဇက်ခ်ကို အာဆင်နယ် စိတ်ဝင်စား | Myanmar Football News Portal - SoccerMyanmar.com

ဆက်ဂ်ညာ နေရာ အစားထိုးရန် ပစ်ဇက်ခ်ကို အာဆင်နယ် စိတ်ဝင်စား | Myanmar Football News Portal - SoccerMyanmar.com

ရိုးမား ကွင်းလယ်လူ ဂျန်နစ်ကို အင်္ဂလန် ကလပ်များ အပြိုင် ချိတ်ဆက်နေ | Myanmar Football News Portal - SoccerMyanmar.com

ရိုးမား ကွင်းလယ်လူ ဂျန်နစ်ကို အင်္ဂလန် ကလပ်များ အပြိုင် ချိတ်ဆက်နေ | Myanmar Football News Portal - SoccerMyanmar.com

Wednesday, May 8, 2013

ချာပီယံလိဂ် ၀င်ခွင့်အတွက် စပါးလက်လျှော့ဦးမည်မဟုတ်ဟု ဘိုအာ့စ်ပြောကြား

ချာပီယံလိဂ် ၀င်ခွင့်အတွက် စပါးလက်လျှော့ဦးမည်မဟုတ်ဟု ဘိုအာ့စ်ပြောကြား

တာ့တင်ဟမ် ဟော့စပါး အနေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်နေရာ အတွက် အားထုတ်မှုကို လက်လျှော့ အဆုံးရှုံးခံဦးမည် မဟုတ်ကြောင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ်ဘိုအာ့စ်က ပြောကြားလိုက်သည်။

စပါးသည် ချယ်လ်ဆီး၏ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် (၂)ဂိုးစီ သရေသာ ကစားနိုင်ခဲ့သည့်နောက် အမှတ်ပေး ဇယား အဆင့်(၅) နေရာသို့ ရောက်ရှိနေသည်။ ပရီးမီးယားလိဂ် (၂)ပွဲသာ ကစားရန် ကျန်တော့ချိန်တွင် စပါးမှာ ချယ်လ်ဆီးနောက် (၃)မှတ်၊ အာဆင်နယ်နောက် (၁)မှတ် အကွာ၌ ကျန်ရှိနေရာ ထိပ်ဆုံး(၄)သင်း နေရာတွင် ပါဝင်ရေး မျှော်လင့်ခွင့်မှာ အဆိုးမြင်လောက်စရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း ပေါ်တူဂီသား မန်နေဂျာကမူ ယင်းကို ငြင်းပယ်ကာ အဆုံးစွန်ထိ ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဘိုအာ့စ်က "ချယ်လ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပြန်ကောင်းလာခဲ့ပါတယ်။ ပြီးတော့ ပွဲရှိန်ကိုလည်း ထိန်းနိုင်ခဲ့တယ်"ဟု ဆိုသည်။ ၎င်းက "ခုချိန်မှာ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကိုယ့်အသင်းရဲ့ အားထုတ်မှုအပြင် ပြိုင်ဘက်တွေရဲ့ အမှတ်လျော့နိုင်စရာ အနေအထားကိုပါ စောင့်ကြည့်ရသလို ဖြစ်သွားတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မလျှော့ပါဘူး။ စပါးဟာ လက်ကျန် ရာသီသိမ်း ပွဲစဉ်တွေကို အကောင်းဆုံး ကြိုးစား ကစားနေမှာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပေမယ့် (၁)မှတ်ပဲ ရခဲ့တယ် ဆိုတာလည်း မဆိုးလှပါဘူး။ ခုချိန်မှာ အရေးကြီးတာက ရှေ့ဆက်ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နေဖို့ပါပဲ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
ခုချိန်မှာ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကိုယ့်အသင်းရဲ့ အားထုတ်မှုအပြင် ပြိုင်ဘက်တွေရဲ့ အမှတ်လျော့နိုင်စရာ အနေအထားကိုပါ စောင့်ကြည့်ရသလို ဖြစ်သွားတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မလျှော့ပါဘူး။ စပါးဟာ လက်ကျန် ရာသီသိမ်း ပွဲစဉ်တွေကို အကောင်းဆုံး ကြိုးစား ကစားနေမှာပါ...
 
Soccer myanmar.com မှ ကူယူဖေါ်ပြသည်။
 
Tuesday, May 7, 2013

ဘောလုံးပွဲ တိုက်ရိုက် ကြည့် နိုင် မည့် Android app

ဘောလုံးပွဲ တိုက်ရိုက် ကြည့် နိုင် မည့် Android app 

ဘောလုံးပွဲတိုက်ရိုက်ကြည့်ရတဲ့

ဆော့ဝဲလေးရှိပါတယ်။ ကျွန်တော့်တင်တာအဆင်မပြေဘူးဗျ။မသိ
ကြသေးဘူးထင်လို့ပါ။ တစ်ကယ်လဲကြည့်
ရတာအဆင်ပြေပါတယ် သိပ်မထစ်ဘူးဗျ
ပြီတော့တစ်ခါတစ်လေ ဂိုးသွင်းရင်စလောင်းထက်တောင်စောသေးတယ်။ အဲဒါလေးကတော့ syblatv.apk ဆိုတဲ့ဆော့ဝဲလေးပါ။ သူကmxplayer ရှိမှ
ကြည့်လို့ရတာဗျ proနဲ့မရဘူးဗျ အခြားဆိုဒ်
တွေမှာလဲ တင်တာမတွေ့ဘူးသေးဘူးဗျ။

ဘောလုံးပွဲ ရလဒ် ဂိုးများကို Live Score ဆော့ဝဲလေးနဲ့ ကြည့်မယ်

ဘောလုံးပွဲ ရလဒ် ဂိုးများကို Live Score ဆော့ဝဲလေးနဲ့ ကြည့်မယ်

ကဲ  ဘောလုံးပွဲ ပရိတ်သတ် များ အတွက် သတင်း ကောင်းပဲ ဘောလုံး
ပွဲ ထိုးတဲ့  သူများလည်း အကြိုက်ဖြစ်မယ်ထင်ပါတယ် ညမကြည့်ဖြစ်
လို့  မနက် လိုက်မေးနေစရာမလို တော့ဘူး  ဒီဆော့ဝဲလေး သုံးထား
တော့ အင်တာနက် ပေါ် တက်လိုက်တာ နဲ့ သိပြီ 
   ဘောလုံးပွဲ ပရိတ်သတ် ကတော့ တော်တော်များမယ်ထင်တယ်
အစုံ အလင်ဖော်ပြတဲ့  ဒီဆော့ဝဲ လေးနဲ့  ဆို ပွဲသိမ်းပြီပေါ့ဗျာ
ကဲ ကျွန်တော် ကတော့ ဘောလုံးပွဲ မကြည့် တတ်တော့ ဘာတွေ
အသုံးဝင်လည်းတော့ အသေးစိတ် မလေ့လာ ရသေးဘူး သူငယ်ချင်း
တို့ လည်း ယူပြီးတော့ လေ့လာကြည့်ပါဦး
 
Download >>>

Download >

 Download >>

သူငယ်ချင်းအားလုံးအဆင်ပြေနှိင်ပါစေ     အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.

မြိတ်ဘောလုံးချစ်သူများအတွက် ဖန်တီးထားသော

မြိတ်ဘောလုံးချစ်သူများအတွက် ဖန်တီးထားသော

သူငယ်ချင်းတို့အတွက် လိုအပ်မည်ထင်လို့ ဒီဆိုဒ်လေးကို ကျွန်တော်ရေးသားပြုစုပေးထားပါတယ်
သူငယ်ချင်းများ ဘောလုံးပွဲ လေ့လာခြင်းသူများအတွက်

နိုင်ငံတကာဘောလုံးပွဲစဉ်များ
ချန်ပီယံ ပွဲစဉ်များ
ပလီးမီးယားပွဲစဉ်များ ကို ကျွန်တော် တတ်အားသမျှ ပြုစုတင်ပြပေးသွားပါမည်။

http://myeikfootball.blogspot.com/