ချာပီယံလိဂ် ၀င်ခွင့်အတွက် စပါးလက်လျှော့ဦးမည်မဟုတ်ဟု ဘိုအာ့စ်ပြောကြား
တာ့တင်ဟမ် ဟော့စပါး အနေဖြင့် ချန်ပီယံလိဂ်
ဝင်ခွင့်နေရာ အတွက် အားထုတ်မှုကို လက်လျှော့ အဆုံးရှုံးခံဦးမည်
မဟုတ်ကြောင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ်ဘိုအာ့စ်က ပြောကြားလိုက်သည်။
စပါးသည် ချယ်လ်ဆီး၏ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် (၂)ဂိုးစီ သရေသာ ကစားနိုင်ခဲ့သည့်နောက် အမှတ်ပေး ဇယား အဆင့်(၅) နေရာသို့ ရောက်ရှိနေသည်။ ပရီးမီးယားလိဂ် (၂)ပွဲသာ ကစားရန် ကျန်တော့ချိန်တွင် စပါးမှာ ချယ်လ်ဆီးနောက် (၃)မှတ်၊ အာဆင်နယ်နောက် (၁)မှတ် အကွာ၌ ကျန်ရှိနေရာ ထိပ်ဆုံး(၄)သင်း နေရာတွင် ပါဝင်ရေး မျှော်လင့်ခွင့်မှာ အဆိုးမြင်လောက်စရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း ပေါ်တူဂီသား မန်နေဂျာကမူ ယင်းကို ငြင်းပယ်ကာ အဆုံးစွန်ထိ ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဘိုအာ့စ်က "ချယ်လ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပြန်ကောင်းလာခဲ့ပါတယ်။ ပြီးတော့ ပွဲရှိန်ကိုလည်း ထိန်းနိုင်ခဲ့တယ်"ဟု ဆိုသည်။ ၎င်းက "ခုချိန်မှာ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကိုယ့်အသင်းရဲ့ အားထုတ်မှုအပြင် ပြိုင်ဘက်တွေရဲ့ အမှတ်လျော့နိုင်စရာ အနေအထားကိုပါ စောင့်ကြည့်ရသလို ဖြစ်သွားတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မလျှော့ပါဘူး။ စပါးဟာ လက်ကျန် ရာသီသိမ်း ပွဲစဉ်တွေကို အကောင်းဆုံး ကြိုးစား ကစားနေမှာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပေမယ့် (၁)မှတ်ပဲ ရခဲ့တယ် ဆိုတာလည်း မဆိုးလှပါဘူး။ ခုချိန်မှာ အရေးကြီးတာက ရှေ့ဆက်ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နေဖို့ပါပဲ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
ခုချိန်မှာ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကိုယ့်အသင်းရဲ့ အားထုတ်မှုအပြင် ပြိုင်ဘက်တွေရဲ့ အမှတ်လျော့နိုင်စရာ အနေအထားကိုပါ စောင့်ကြည့်ရသလို ဖြစ်သွားတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မလျှော့ပါဘူး။ စပါးဟာ လက်ကျန် ရာသီသိမ်း ပွဲစဉ်တွေကို အကောင်းဆုံး ကြိုးစား ကစားနေမှာပါ...

Soccer myanmar.com မှ ကူယူဖေါ်ပြသည်။
No comments:
Post a Comment