Popular Posts

Tuesday, September 17, 2013

ခေါင်းကွဲဒဏ်ရာကနေ အပြီးသက်သာလာတဲ့ ရွန်နီ

ခေါင်းကွဲဒဏ်ရာကနေ အပြီးသက်သာလာတဲ့ ရွန်နီ

Posted: Mon, 16 Sep 2013 12:56:43 +0000

 
ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်တဲ့ လေဗာကူဆင်နဲ့  ပွဲမှာ တိုက်စစ်မှုး ရွန်နီ တစ်ယောက် ခေါင်း အကာ ပတ်စရာ မလိုတော့ပဲ ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ရွန်နီ တစ်ေ ယာ က် လေ့ကျင့်ရေး ကွင်းမှာ နောက်ခံလူ ဖီးလ် ဂျုံး နဲ့ ထိခိုက် မိ လို့  ခေါင်းဒဏ်ရာ ရခဲ့ပေမဲ့ ခရစွှတယ်ပဲလေ့စ် နဲ့ ပွဲမှာတော့ အမေရိကန် ကုမ္မဏီ ထုတ် ခေါင်းအကာအကွယ် ပတ် နဲ့  ပွဲ ထွက် က စားခဲ့ပါသေးတယ်။ ဒဏ်ရာက သက်သာလာတဲ့ နောက်ခံလူ ရာဖေးလ်တစ်ယောက်လည်း အသင်းနဲ့ အတူ ချန်ပီယံလိဂ်ပွဲစဉ်အတွက် လေ့ကျင့်ခန်းဆင်းနေသလို ဂျပန် ကွင်း လယ် လူ ကာဂါဝါလည်း အ သင်း နဲ့ အ တူ လေ့ကျင့်ခန်းဆင်းနေ ပြီး၊ ဝဲဘတ် ၊ ဖီးလ်ဂျုန်း နဲ့  ဖလက်ချာ တို့ ကတော့ လာမဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဖြစ် တဲ့ လေဗာကူဆင်နဲ့ ပွဲ ကို လွဲေ ချာ် မယ် လို့ သိရ ပါတယ်။

ဘာစီလိုနာ လူငယ် ခံစစ်မှုး ကို ခေါ်ယူရန် ရည်ရွယ်နေသည့် ယူနိုက်တက်

ဘာစီလိုနာ လူငယ် ခံစစ်မှုး ကို ခေါ်ယူရန် ရည်ရွယ်နေသည့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် စပိန် ကလပ် ဘာစီလိုနာ အသင်း၏ လူငယ် ခံစစ် ကစားသမား မာတင် မွန်တိုယာ အား ခေါ်ယူရန် စိတ်ဝင်စား စောင့်ကြည့်နေကြောင်း သိရသည်။ ဘာကာ လူငယ် ကစားသမားလေး သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက အသင်း ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သူ ဖြစ်ပြီး လီဗာပူးလ်၊အာဆင်နယ် အစရှိသည့် အသင်းများမှ ခေါ်ယူရန် ကြိုးပမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ မွန်တိုယာ နှင့် ဘာစီလိုနာ အသင်းတို့၏ စာချုပ် သက်တမ်းမှာ လာမည့် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ပြီး မွန်တိုယာ အနေဖြင့် အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း မရှိပါက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့၌ ပြည်ပ ကလပ်အသင်း တစ်သင်း ဖြင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုပိုင်ခွင့် ရှိမည် ဖြစ်သည်။ စပိန် သတင်းဝက်ဆိုဒ် ဖြစ်သည့် Calcimercato.com မှ ဖော်ပြချက် အရ ယူနိုက်တက် အသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့၌ အဆိုပါ လူငယ် ခံစစ်မှုးလေးအား သဘောတူညီမှု ရရှိရန် ကြိုးပမ်းဖွယ် ရှိနေကြောင်း သိရသည်။

 

http://www.manutdmm.com မှကူးယူဖေါ်ပြသည်။

ဆီးဂိမ်းတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးရေးညှိနှိုင်း


ဆီးဂိမ်းတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးရေးညှိနှိုင်း


 

 

လာမည့်ဒီဇင်ဘာတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လာရောက်မည့် အားကစားအဖွဲ့များနှင့်ပတ်သက်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။
“လုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ လောလောဆယ်တော့ ဆွေးနွေးညှိနှိုင်းနေဆဲပါ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဆိုက်ရောက်ဗီဇာထုတ်ပေးရန်အတွက် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းနေခြင်းဖြစ်သည်။
အားကစားဝန်ကြီးဌာနတွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက်ရောက်ဆွေးနွေးသူက ဆိုက်ရောက်ဗီဇာထုတ်ပေးရေးအတွက် စတင်ဆွေးနွေးခဲ့သည်။
စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအကြို ဖိတ်ခေါ်ပြိုင်ပွဲများအတွက်လည်း ပြည်ပမှ လာရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို ဆိုက်ရောက်ဗီဇာထုတ်ပေးရန်နှင့် ပတ်သက်၍ ထပ်မံဆွေးနွေးခဲ့သည်။
ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (Business)များအတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ လေဆိပ်များအတွက်မူ မပါဝင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ဆီးဂိမ်းအတွက် ထုတ်ပေးမည့် ဆိုက်ရောက်ဗီဇာသက်တမ်းကို ရက်အနည်းငယ်အတွင်း ထုတ်ပြန်နိုင်ရန်ရှိကြောင်းလည်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

Thursday, September 12, 2013

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

 

 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်က သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက လာအိုအသင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် သုံးမှတ်စတင် ရရှိခဲ့သည်။

မြန်မာအသင်းသည် စန်းစန်းမော်၊ သန်းသန်းထွေး၊ ရီရီဦး၊ မိုးမိုးဝါ စသည့်အမာခံ ကစားသမားများဖြင့် ပွဲထွက်ကစား ခဲ့သော်လည်း ပထမပိုင်းတွင် တိုက်စစ်ပိုင်း၌ အချိတ်အဆက် လွဲချော်နေ၍ တစ်ဂိုးသာ ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် လူအပြောင်းအလဲ ပြုလုပ်ပြီးမှသာ တိုက်စစ်ကစားပုံ ပိုကောင်းလာပြီး လေးဂိုးအထိ ထပ်မံသွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၃၀ တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် အမာခံတိုက်စစ်မှူး ခင်မာလာထွန်း ၀င်ရောက်ကစားပြီးနောက်ပိုင်း မြန်မာအသင်း တိုက်စစ်ပိုမို ကောင်းမွန်လာပြီး ၅၃ မိနစ်တွင် ခင်မာလာထွန်း၊ ၇၆ မိနစ်တွင် ရီရီဦး၊ ၇၉ မိနစ်နှင့် ၈၁ မိနစ်တို့တွင် ခင်မိုးဝေတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူ ပေးခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
စက်တင်ဘာ ၁၁ ရက် (ယနေ့)တွင် အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် မလေးရှားနှင့် သြစတြေးလျ၊ ဂျော်ဒန်နှင့်ထိုင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။