Popular Posts

Tuesday, September 17, 2013

ဆီးဂိမ်းတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးရေးညှိနှိုင်း


ဆီးဂိမ်းတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးရေးညှိနှိုင်း


 

 

လာမည့်ဒီဇင်ဘာတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လာရောက်မည့် အားကစားအဖွဲ့များနှင့်ပတ်သက်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။
“လုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ လောလောဆယ်တော့ ဆွေးနွေးညှိနှိုင်းနေဆဲပါ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဆိုက်ရောက်ဗီဇာထုတ်ပေးရန်အတွက် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းနေခြင်းဖြစ်သည်။
အားကစားဝန်ကြီးဌာနတွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက်ရောက်ဆွေးနွေးသူက ဆိုက်ရောက်ဗီဇာထုတ်ပေးရေးအတွက် စတင်ဆွေးနွေးခဲ့သည်။
စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအကြို ဖိတ်ခေါ်ပြိုင်ပွဲများအတွက်လည်း ပြည်ပမှ လာရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို ဆိုက်ရောက်ဗီဇာထုတ်ပေးရန်နှင့် ပတ်သက်၍ ထပ်မံဆွေးနွေးခဲ့သည်။
ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (Business)များအတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ လေဆိပ်များအတွက်မူ မပါဝင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ဆီးဂိမ်းအတွက် ထုတ်ပေးမည့် ဆိုက်ရောက်ဗီဇာသက်တမ်းကို ရက်အနည်းငယ်အတွင်း ထုတ်ပြန်နိုင်ရန်ရှိကြောင်းလည်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

No comments:

Post a Comment