Popular Posts

Thursday, September 12, 2013

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

 

 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်က သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက လာအိုအသင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် သုံးမှတ်စတင် ရရှိခဲ့သည်။

မြန်မာအသင်းသည် စန်းစန်းမော်၊ သန်းသန်းထွေး၊ ရီရီဦး၊ မိုးမိုးဝါ စသည့်အမာခံ ကစားသမားများဖြင့် ပွဲထွက်ကစား ခဲ့သော်လည်း ပထမပိုင်းတွင် တိုက်စစ်ပိုင်း၌ အချိတ်အဆက် လွဲချော်နေ၍ တစ်ဂိုးသာ ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် လူအပြောင်းအလဲ ပြုလုပ်ပြီးမှသာ တိုက်စစ်ကစားပုံ ပိုကောင်းလာပြီး လေးဂိုးအထိ ထပ်မံသွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၃၀ တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် အမာခံတိုက်စစ်မှူး ခင်မာလာထွန်း ၀င်ရောက်ကစားပြီးနောက်ပိုင်း မြန်မာအသင်း တိုက်စစ်ပိုမို ကောင်းမွန်လာပြီး ၅၃ မိနစ်တွင် ခင်မာလာထွန်း၊ ၇၆ မိနစ်တွင် ရီရီဦး၊ ၇၉ မိနစ်နှင့် ၈၁ မိနစ်တို့တွင် ခင်မိုးဝေတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူ ပေးခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
စက်တင်ဘာ ၁၁ ရက် (ယနေ့)တွင် အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် မလေးရှားနှင့် သြစတြေးလျ၊ ဂျော်ဒန်နှင့်ထိုင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment