၂၀၁၅ ဆီးဂိမ်းရည်ရွယ်၍ အား/ကာသိပ္ပံ (ရန်ကုန်)တွင် အားကစားသမားများ ကြိုတင်စခန်းသွင်းမည်

ရန်ကုန်၊ မေ-၁၈
ပြီးခဲ့သည့် ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲမှ
(ဘီ)အဆင့် သတ်မှတ်ခြင်းခံရသည့် အားကစားလူငယ်များအား
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ ဆက်လက်စခန်းသွင်းလေ့ကျင့်
ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့ ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲမှာ(ဘီ)အဆင့်သတ်မှတ်ခံရတဲ့ မျိုးဆက်သစ်လူငယ်အားကစားသမားတွေကို အား/ကာသိပ္ပံ(ရန်ကုန်)မှာ လာမယ့်ဇွန်လဆန်းကစပြီး စခန်းသွင်း
လေ့ကျင့်ပေးသွားဖို့ စီစဉ်နေပါတယ်။ အားကစားသမားတွေ စခန်းသွင်းနေထိုင်ဖို့အတွက်လည်း အဆောက်အအုံတွေ ပြင်ဆင်ဆောက်လုပ်နေပါတယ်။ ၂၀၁၅ စင်ကာပူဆီးဂိမ်းအတွက်အဓိကရည်
ရွယ်ပါတယ်” ဟု အား/ကာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးကျော်ဆန်းဦးက ပြောကြားသည်။
မတ်လအတွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ၀န်ကြီးဌာနအသင်းများနှင့် အား/ကာသိပ္ပံများမှ အား ကစားသမားများအပါအ၀င် နိုင်ငံတစ်ဝန်းလုံးမှ အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ကာ အားကစားသမားများ၏ အရည်အချင်းအား အဆင့် (၃)ဆင့်ခွဲခြားသတ်မှတ်ခဲ့သည်။
အား/ကာသိပ္ပံ(ရန်ကုန်)တွင် စခန်းသွင်းလေ့ကျင့်ရန် အားကစားသမားစုစုပေါင်း၂၀၀ ၀န်းကျင်ရှိမည်ဖြစ်ကာ ပြည်တွင်းနည်းပြများအပြင် ထိုင်းနိုင်ငံမှနည်းပြဆရာများဖြင့် လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ အားကစားနည်းရှစ်မျိုးဝန်းကျင်လောက်ရှိပါတယ်။ ပြေးခုန်ပစ်အားကစားသမားတွေအများဆုံး ပါဝင်ပါတယ်။ ရွှေအားကစားစခန်း(ဘီ)လို့ အမှတ်ပေးထားပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုဖလားအားကစားပြိုင်ပွဲမှ(အေ) အဆင့်သတ်မှတ်ခြင်းခံရသည့် အားကစားသမားများသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲဆင်နွှဲရန်အတွက် နေပြည်တော်ရွှေအားကစားစခန်းတွင် စခန်း
သွင်းလေ့ကျင့်ပေးလျက်ရှိသည်။ (ဘီ)အဆင့်အားကစားသမားများအား အား/ကာသိပ္ပံ (ရန်ကုန်)၌ ဆက်လက်စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကာ (စီ)အဆင့်သတ်မှတ်ခံရသည့် အားကစား သမားများကိုမူ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment